ရက်ပေါင်း ၃၀ ထားရှိရုံနှင့် မြင့်မားသော အတိုးနှုန်းခံစားရရှိနိုင်မည့် အထူးအခွင့်အရေး!

  • အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့်အထက်တွဲ၍ဖြစ်စေ၊ အကျိုးအမြတ်မယူသော ဘာသာရေးအဖွဲ့အစည်း အမည်ဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်သည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း တင်ပြရမည်။
  • စာရင်းပိုင်ရှင်နှစ်ဦး မိတ်ဆက်ရမည်။
  • ဘဏ်၏ လျှောက်လွှာပုံစံနှင့် KYC အချက်အလက်များ ဖြည့်စွက်ရမည်။
  • ကနဦးပေးသွင်းငွေ အနည်းဆုံး  ကျပ် ၁,၀၀၀,၀၀၀.၀၀ တိတိဖြင့် စတင် စာရင်းဖွင့်လှစ်နိုင်သည်။
  • မြင့်မားသည့် အတိုးနှုန်း ၁၁.၂၅% ဖြင့် ခံစားရရှိနိုင်ခြင်း။
  • ဝယ်ယူအပ်နှံသည့်နေ့တွင် သက်ဆိုင်ရာ စာရင်းသို့ အတိုးကြိုတင်ထည့်သွင်းပေးခြင်း။
  • သက်တမ်းမပြည့်မီ ထုတ်ယူပါက အနီးဆုံးကာလ သတ်မှတ်ချက်ဖြင့် အတိုးတွက်ချက် ပေးခြင်း။ (T&C Apply)
  • ဘဏ်မှ Fixed Deposit Certificate ထုတ်ပေးခြင်း။

  • စာရင်းဖွင့်လျှောက်လွှာ။
  • သက်ဆိုင်ရာဝန်ကြီးဌာနမှထုတ်ပေးထားသော အဖွဲ့အစည်းအဖြစ်ခွင့်ပြု ထားသည့် လိုင်စင် (သို့မဟုတ်) ခွင့်ပြုချက်။
  • သက်ဆိုင်ရာ ဒါရိုက်တာ အဖွဲ့ (သို့မဟုတ်) စီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်။
  • စာရင်းဖွင့်လှစ်ပေးရန် အဖွဲ့အစည်း Letter Head ဖြင့် တင်ပြစာ။
  • လက်မှတ်ရေးထိုးသူများ၏ ကိုယ်ရေး အချက်အလက်(မှတ်ပုံတင်မိတ္တူနှင့် ဓာတ်ပုံ ပူးတွဲတင်ပြရမည်)။
  • အဖွဲ့အစည်း၏ အချက်အလက်အကျဉ်းချုပ်။

  • စာရင်းဖွင့်လှစ်ခြင်းကို နီးစပ်ရာ FDB ဘဏ်ခွဲများတွင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင် ပါသည်။