Back Office - Hlaing Thar Yar

  • Hlaing Thar Yar
  • Full Time
  • Financial Sector
  • Negotiable
  • Position: Male/Female ( 1 )
  • Working Hour: 09:00 AM - 05:00 PM
  • Off Day: Sat & Sun
  • Job Expiry Date: 25/07/2023
Job Description
  • ကြီးကြပ်ရေးမှုး အနေဖြင့်ဘဏ်ခွဲ၏ တစ်နေ့တာ ဆောင်ရွက်ရမည့် ချေးငွေဆိုင်ရာလုပ်ငန်း အဆင့်ဆင့်ကိုတာဝန်ယူဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • ဘဏ်ခွဲ၏စီမံရေးရာကိစ္စရပ်များတွင်ကိုယ်တိုင်ပါဝင်ကြီးကြပ်စစ်ဆေးနိုင်သူဖြစ်ရမည်။  (Car Arrangement/Fuel Usage/Fixed Assets/Stationary/Salary/Leave/Attendance/etc…)
  • ဘဏ်ခွဲ၏တနေ့တာစာရင်းများရေးသွင်းခြင်း ၊ စစ်ဆေးခြင်း၊စာရင်းချုပ်ခြင်း(Branch Cash/ Claim Cash/ Trial)များရေးဆွဲနိုင်ရမည်။
  • ဘဏ်ခွဲဝန်ထမ်းများ၏ ဝန်ဆောင်မှုအား မှားယွင်းမှုမရှိစေဘဲ သတ်မှတ်ဝန်ဆောင်ချိန်အတွင်း ပြီးမြောက်စေရန် တာဝန်ယူကြီးကြပ်ရမည်။
  • မိမိလက်အောက်ဝန်ထမ်း၏ လုပ်ငန်းကျွင်းကျင်မှုအတွက် လုပ်ငန်းတာဝန် ခွဲဝေချထားပေးခြင်း၊ အနီးကပ် သင်ကြားပြသခြင်း၊ ကြီးကြပ်ခြင်း၊ အကဲဖြတ်ခြင်းများကို ဆောင်ရွက်ရမည်။
  • မှန်ကန်မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန်နှင့် အမှားအယွင်းမရှိ ပူးပေါင်းတာဝန်ယူဆောင်ရွက်ရမည်။
  • ဘဏ်ခွဲအတွက် ချမှတ်ထားသည့် Target များကို ပြည့်မှီရန် အကောင်အထည်ဖော်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက် ရမည်။
  • ဘဏ်ဝန်ထမ်းများနှင့် ဆက်သွယ်သူများအားလုံး၏ Compliant များကို အလျင်မြန်ဆုံးနှင့် အကောင်းဆုံး နည်းလမ်း ရှာဖွေဖြေရှင်းတိုင်ရမည်။
  • စျေးကွက်ခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများကို ပေးပို့ဖြန့်ဝေပေး နိုင်ရမည်။
  • အခါအား ထပ်မံပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပြွန်စွာထမ်းဆောင်ရမည်။
Job Requirements
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
  • ဘဏ်လုပ်ငန်း လုပ်သက်(၃)နှစ် အထက်ရှိရမည်။
  • ဘဏ်ခွဲ၏ချေးငွေဆောင်ရွက်မှု အဆင့်ဆင့် အားကောင်းစွာ နားလည်ရမည်။
  • စီမံရေးရာပိုင်းဆောင်ရွက်မှုများအား ကောင်းစွာဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • Core Banking Software အား အတွေ့အကြုံရှိပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ Daily Closing Process အား ကျွမ်းကျင်စွာနားလည်ရမည်။
  • MS Office (Word, Excel, Power Point), Page Maker, Internet & Email ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတွင် ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်ခံထားခြင်းမရှိ သူဖြစ်ရမည်။
  • တာဝန်ပေးအပ်ဒေသသို့သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Remark

အလုပ်လျှောက်ထားသူများသည်

  1. မိမိလျှောက်လိုသောရာထူးအား တိကျစွာဖော်ပြထားသောအလုပ် လျှောက်လွှာ၊
  2. ပညာအရည်အချင်းအထောက်အထားမိတ္တူ၊
  3. (၆) လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ (၂)ပုံ၊
  4. အလုပ်သမားမှတ်ပုံတင်မိတ္တူ၊
  5. ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊
  6. ရဲစခန်းပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊
  7. အိမ်ထောင်စုဇယားမိတ္တူ၊
  8. အခြားကျွမ်းကျင်လက်မှတ် ရ စာရွက်စာတမ်းများမိတ္တူ၊
  9. ယခင်လုပ်ငန်း အတွေ့အကြုံ (ရှိပါက) အထောက်အထား မိတ္တူများ

အထက်ပါစာရွက်စာတမ်းများပူးတွဲ၍ အတူ ( 25 July 2023) ရက်နေ့ နောက်ဆုံးထား အောက်ပါ အတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

  • Email Address: (hr@fdbbank.com) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

***သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ အထောက်အထားပြည့်စုံစွာ တင်ပြထားမှု မရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ***