Cash Head

  • Muse
  • Financial Sector
  • Negotiable
  • Position: Male/Female ( 1 )
  • Working Hour: 09:00 AM - 05:00 PM
  • Off Day: Sat & Sun
  • Job Expiry Date: 31/05/2023
Job Description
  • ဘဏ်ခွဲ၏ငွေကြေးဌာနစိတ်၏ လုပ်ငန်းတာဝန်များကို တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည်။
  • တစ်နေ့တာငွေကြေးနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များအား တိကျမှန်ကန်စွာနှင့် မှားယွင်းမှုမရှိ စေရန်တာဝန်ယူဆောင်ရွက်ရမည်။
  • ငွေကြေးဌာနစိတ်၏ ဝန်ထမ်းများအတွက် လုပ်ငန်းတာဝန်ချထားခြင်းကို တာဝန်ယူဆောင်ရွက်ရမည်။
Responsibility
  • ငွေကြေးလုပ်ထုံးလုပ်နည်းများအား သက်ဆိုင်ရာ ငွေကြေးဝန်ထမ်းများသို့ သင်ကြားပြသပေးနိုင် ရမည်။
  • တစ်နေ့တာ လုပ်ငန်းလည်ပတ်ရန်အတွက် ငွေသားပမာဏသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ ငွေကြေးကောင်တာများသို့ ခွဲဝေပေးခြင်းကိုဆောင်ရွက်ရမည်။
  • ဘဏ်ခွဲ၏ ငွေသားစီးဆင်းမှုနှင့် ငွေသားလက်ကျန်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ဘဏ်ခွဲတာဝန်ရှိသူများထံ တင်ပြပေးရမည်။
  • ဘဏ်ခွဲ၏ လိုငွေဖြည့်တင်းခြင်း/ ပိုငွေပေးပို့ခြင်းများနှင့် ပတ်သက်၍ ဘဏ်ခွဲတာဝန်ခံ အရာထမ်းများ ၏ ညွှန်ကြားချက်နှင့်အညီ တာဝန်ယူစီမံဆောင်ရွက်ရမည်။
  • ငွေသားပမာဏများပြားသည့် ငွေသွင်း/ငွေထုတ်ကိစ္စရပ်များကို ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
  • ငွေကြေးဌာန ဝန်ထမ်းများ၏ ငွေကြေးနှင့်ပတ်သက်သည့် အလွဲသုံးစားမှုများ၊ မှားယွင်းမှုများ မဖြစ်ပေါ်စေရန်အတွက် ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
  • ‌ငွေကြေးလျော့နည်းမှု၊ ကွာဟမှုများ ဖြစ်ပေါ်လာပါက ပြသနာအားအရင်းအမြစ်အားရှာဖွေ၍ စုံစမ်းတင်ပြနိုင်ရမည်။
  • တစ်နေ့တာငွေကြေးစာရင်းပိတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်။
Job Requirements
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
  • စာရိတ္တအထူးကောင်းမွန်သူဖြစ်ရမည်။
  • အသက် (၄၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
  • ဘဏ်လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၆)နှစ်နှင့်အထက် ရှိရမည်။
  • Chief Cashier ရာထူးဖြင့် လုပ်သက်အနည်းဆုံး(၃)နှစ်ရှိသည့် အထောက်အထားတင်ပြနိုင်ရမည်။
  • စာရင်း၊ငွေကြေး ကျွမ်းကျင်စွာ စီမံကွပ်ကဲဆောင်ရွက်နိုင်ရမည်။
  • Banking Software အား အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူဖြစ်ရမည်။
  • MS Office (Word, Excel, Power Point), Page Maker, Internet & Email ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
Remark

အလုပ်လျှောက်ထားသူများသည်

  1. မိမိလျှောက်လိုသောရာထူးအား တိကျစွာဖော်ပြထားသောအလုပ် လျှောက်လွှာ၊
  2. ပညာအရည်အချင်းအထောက်အထားမိတ္တူ၊
  3. (၆) လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ (၂)ပုံ၊
  4. အလုပ်သမားမှတ်ပုံတင်မိတ္တူ၊
  5. ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊
  6. ရဲစခန်းပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊
  7. အိမ်ထောင်စုဇယားမိတ္တူ၊
  8. အခြားကျွမ်းကျင်လက်မှတ် ရ စာရွက်စာတမ်းများမိတ္တူ၊
  9. ယခင်လုပ်ငန်း အတွေ့အကြုံ (ရှိပါက) အထောက်အထား မိတ္တူများ

အထက်ပါစာရွက်စာတမ်းများပူးတွဲ၍ အတူ ( 31 May 2023) ရက်နေ့ နောက်ဆုံးထား အောက်ပါ အတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

  • Email Address: (hr@fdbbank.com) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

***သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ အထောက်အထားပြည့်စုံစွာ တင်ပြထားမှု မရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ***