Universal Teller In charge ( Supervisor/ Asst; Supervisor)

  • Muse
  • Full Time
  • Financial Sector
  • Negotiable
  • Position: Male/Female ( 1 )
  • Working Hour: 09:00 AM - 05:00 PM
  • Off Day: Sat & Sun
  • Job Expiry Date: 10/09/2023
Job Description

Responsible

  •  မှန်ကန်မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန်နှင့် အမှားအယွင်းမရှိ နေ့စဉ်စာရင်းပိတ်နိုင်ရန်အတွက် ပူးပေါင်းတာဝန်ယူဆောင်ရွက်ရမည်။
  • စာရင်း၊ ငွေကြေး၊ ငွေလွှဲ၊ Core Banking Software အား အတွေ့အကြုံရှိပြီး ကျွမ်းကျင်စွာ ဆောင်ရွက် နိုင်ရမည်။
  • ဘဏ်ခွဲဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း အနီးကပ်ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ သင်ကြား ပြသခြင်း များကို ဆောင်ရွက်ရမည်။
  • လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် လိုအပ်ချက်များကို မိမိဘဏ်တာဝန်ခံအရာထမ်းများနှင့် ဝန်ထမ်းများအား အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးခြင်း၊ အစီရင်ခံ တင်ပြခြင်း၊ ဆုံးဖြတ်ချက်ရယူခြင်းများကို ဆောင်ရွက်ရမည်။
  • ဘဏ်ဝန်ထမ်းများနှင့် ဘဏ်နှင့်ဆက်သွယ်သူများအားလုံး၏ Compliant များကို အလျင်မြန်ဆုံးနှင့် အကောင်းဆုံး နည်းလမ်း ရှာဖွေဖြေရှင်းနိုင်ရမည်။
  • Daily Closing Process တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
Job Requirements
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
  • ဘဏ်လုပ်ငန်း လုပ်သက်အနည်းဆုံး (၅)နှစ်ရှိသူဖြစ်ရမည်။
  • အသက် (၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
  • တာဝန်ထမ်းဆောင်ခဲ့သည့် အထောက်အထားတင်ပြနိုင်ရမည်။
  • MS Office (Word, Excel, Power Point), Page Maker, Internet & Email ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတွင် မည်သည့်ကြီးမားသည့် ပြစ်ဒဏ်များချမှတ်ခံထားခြင်းမရှိ သူဖြစ်ရမည်။
  • တာဝန်ပေးအပ်ဒေသသို့သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Remark

အလုပ်လျှောက်ထားသူများသည်

  1. မိမိလျှောက်လိုသောရာထူးအား တိကျစွာဖော်ပြထားသောအလုပ် လျှောက်လွှာ၊
  2. ပညာအရည်အချင်းအထောက်အထားမိတ္တူ၊
  3. (၆) လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ (၂)ပုံ၊
  4. အလုပ်သမားမှတ်ပုံတင်မိတ္တူ၊
  5. ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊
  6. ရဲစခန်းပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊
  7. အိမ်ထောင်စုဇယားမိတ္တူ၊
  8. အခြားကျွမ်းကျင်လက်မှတ် ရ စာရွက်စာတမ်းများမိတ္တူ၊
  9. ယခင်လုပ်ငန်း အတွေ့အကြုံ (ရှိပါက) အထောက်အထား မိတ္တူများ
  1. ယခင်လုပ်ငန်း အတွေ့အကြုံ (ရှိပါက) အထောက်အထား မိတ္တူများ

အထက်ပါစာရွက်စာတမ်းများပူးတွဲ၍ အတူ ( 10 Sep 2023) ရက်နေ့ နောက်ဆုံးထား အောက်ပါ အတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

  • Email Address: (hr@fdbbank.com) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

*မူဆယ်မြို့တွင် နေထိုင်သူများအား ပိုဦးစားပေးရွေးချယ်မည်ဖြစ်သည်။*

***သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ အထောက်အထားပြည့်စုံစွာ တင်ပြထားမှု မရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ***