ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များဆီသို့

EFD မိတ်ဆက်

EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP )ကို  တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းနှင့် ပူးတွဲတည်ထောင်သူ နှင့် ဒုတိယဥက္ကဋ္ဌ ဇနီးဒေါ်နန်းခင်မြင့်ရီတို့မှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

EFD GROUP သည် ကုမ္ပဏီအုပ်စုအနေဖြင့် သက်တမ်းနုနယ်သော်လည်း အဖွဲ့ဝင်ကုမ္ပဏီများမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့်မှစ၍ EFD GROUP တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးကုမ္ပဏီမှ စတင်လာခဲ့ခြင်း ဖြစ်ပါသည်။

EFD GROUP တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် နှစ်ပေါင်းများစွာ ရိုးသားကြိုးစား အားထုတ်မှုများမှ ရရှိလာခဲ့သည့် အတွေ့အကြုံများနှင့် သူ၏ စီးပွားရေး၊ လူမှုရေး အတွေးအမြင်သစ်တို့ကို အခြေခံ၍ EFD GROUP လုပ်ငန်းစုကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို ပိုမို တွင်ကျယ်စွာ အကျိုးပြုဆောင်ရွက်နိုင်ရန်အတွက် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION ) ကိုလည်း ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ တည်ထောင်ခဲ့ပါသည်။

ယခုအခါတွင် EFD GROUPရှိ ကုမ္ပဏီအစုအဖွဲ့တို့သည် မိသားစု စီးပွားရေးလုပ်ငန်းအနေအထားမှ ကဏ္ဍစုံပါဝင်သည့် စီးပွားရေး လုပ်ငန်းစုကြီးအဖြစ်သို့ အောင်မြင်စွာ ကြီးထွားလာခဲ့ပြီ ဖြစ်ပါသည်။

EFD GROUP သည် အဓိက စီးပွားရေးကဏ္ဍ ()ရပ်ဖြစ်သောငွေကြေး စီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေးကဏ္ဍ၊ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၊ စက်မှုကဏ္ဍ စသည့် နယ်ပယ်ကဏ္ဍများတွင် စီးပွားရေး ဖွံ့ဖြိုးကြီးထွားမှု လျင်မြန်သော ကုမ္ပဏီလုပ်ငန်းစုကြီးအဖြစ်သို့ တိုးတက်၊ ပြောင်းလဲ လာခဲ့ပါသည်။

EFD GROUPသည် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အထောက်အကူပြု တက်ကြွစွာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် EXCELLENT FORTUNE FOUNDATION (EFF FOUNDATION) အမည်ဖြင့် ပြည်ထောင်စုအဆင့် ပရဟိတအဖွဲ့အစည်းတစ်ခုကိုလည်း တည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့ EFD GROUP အဓိက ရည်မှန်းချက်မှာ မြန်မာပြည်သူများ၏ လူမှုဘဝ ပိုမို ဆန်းသစ် ကောင်းမွန်လာစေရေးနှင့်  စီးပွားရေး စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်လျက် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးလျက်ရှိပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးအုပ်စု အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်ရန် ဖြစ်ပါသည်။

EFD GROUP အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးကဏ္ဍ လုပ်ငန်းစုများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ တိုးတက်ရေး၊ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းများအတွက်သာမက စီမံခန့်ခွဲမှုအဆင့် အရာထမ်းများကိုပါ သက်ဆိုင်ရာအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ကိုင်နိုင်စွမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှု တည်ဆောက်ပေးခြင်း၊ အစီအစဥ်ကောင်းများ ဖန်တီးပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

EFD GROUP အဓိက မျှော်မှန်းချက်သည် မှန်ကန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိခြင်း ဟူသော စီးပွားရေးထုံးကို နှလုံးသွင်းပြီး မြန်မာပြည်သူ တို့အတွက် ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ရန် ဖြစ်ပါသည်။