သင့်အတွက် သာလွန်ကောင်းမွန်သော
ဒစ်ဂျစ်တယ်ဘဏ်

ကျွန်ုပ်တို့အကြောင်း

တောင်သူလယ်သမားများဖွံဖြိုးရေးဘဏ် (မန္တလေး) – FDB Bank ကို မြန်မာနိုင်ငံရှိ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ် နည်းပညာကို ဦးစားပေးသည့် ထိပ်တန်းဘဏ် တစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်။ 

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထံမှ ခွင့်ပြုချက် ရရှိထားသော ဘဏ်တစ်ခုအနေဖြင့် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ၏ လက်ရှိအနေအထားကို ဒစ်ဂျစ်တယ်ဘဏ်စနစ်သို့ ပြောင်းလဲရန်နှင့် ကောင်းမွန်၍ ရေရှည် တည်တံ့‌သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် ရင်းနှီးမြှပ်နှံမှုများကို ပြုလုပ်သွားရန် အလားအလာရှိသည်။

ငွေအပ်နှံသူများအတွက် လျင်မြန်ပြီး ပွင့်လင်းမြင်သာသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် FDB Bank သည် ဒစ်ဂျစ်တယ်စနစ် စတင်အသုံးပြုခြင်း၊ Biometric Authentication နည်းပညာများနှင့် Auto Credit Appraisal process နည်းပညာ အသုံးပြုခြင်း အစရှိသောနောက်ဆုံးပေါ် ဘဏ်လုပ်ငန်းနည်းပညာများကို အသုံးချသွားမည်ဖြစ်သည်။ဤပန်းတိုင်ကို အကောင်အထည်ဖော်ရန် အတွက် ဘဏ်သည် နောက်ဆုံးပေါ် Core-Banking System တစ်ခုကို ရွေးချယ်ပြီး အသုံးပြုနေပါသည်။

Excellent Fortune Development Group ( EFDGroup ) ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော ဘဏ်လုပ်ငန်းတစ်ခု အနေဖြင့် မြန်မာနိုင်ငံ တစ်၀န်းလုံးတွင် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဖြန့်ကျက်ဆောင်ရွက်နိုင်သော ဘဏ်၏ စီမံအုပ်ချုပ်သူများက ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

 အမျိုးမျိုး‌သော ငွေကြေးဆောင်ရွက်မှုများ၏ ဖြန့်ဖြူးရေး မဏ္ဌိုင်ဖြစ်လာစေရန် အကြီးပိုင်း စီမံအုပ်ချုပ်သူများက မိမိတို့၏ဘဏ်ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှု လုပ်ငန်းများ

FDB Bank သည် ဒစ်ဂျစ်တယ် ဘဏ်စနစ်ကို ဦးစားပေးပြီး သုံးစွဲသူများ၏ အတွေ့အကြုံကို နောက်ဆုံးပေါ် နည်းပညာများဖြင့် လွယ်ကူကောင်းမွန်စေရန်၊ လုပ်ငန်းလည်ပတ်မှုများကို ချောမွေ့စေရန်အတွက် သမရိုးကျဘဏ် လုပ်ငန်းတာဝန်များကို လျှော့ချပြီး သတင်းအချက်အလက် ကိုအခြေခံသည့် နည်းစနစ်များကို ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

FDB ဘဏ်သည်   Mobile Internet Banking၊ ဒစ်ဂျစ်တယ် စင်တာများနှင့် အေးဂျင့်ကွန်ရက် များကို  Core Banking စနစ်ဖြင့် ချိတ်ဆက်ပြီး သုံးစွဲသူများကို အချိန်ကုန် သက်သာစေနိုင်ရန် ရည်ရွယ်ပြီး ဘဏ်ဝန်ဆောင်မှုများကို ၂၄ နာရီပါတ်လုံး ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေပါသည်။

FDB ဘဏ် သည် အခြားဘဏ်များ၊ အခြားဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းကြီးများနှင့် အိမ်ခြံမြေရောင်းဝယ်သူများ ကဲ့သို့သော မိမိတို့ဘဏ်၏ဝန်ဆောင်မှု ရယူမည့်သူများ ငွေအပ်နှံသူများထံ အကောင်းဆုံးသော ဘဏ်ဝန်ဆောင်မှုများကိုပေးအပ်ရန်ရည်မှန်းထားပါသည်။

 ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဖြစ်သော အရင်းအနှီးငွေကြေး ထောက်ပံ့ခြင်း၊ကြီးမားသော ကုန်သွယ်မှုများအတွက် လွှဲပြောင်းမှုများနှင့် အခြားသော ဝန်ဆောင်မှုများကို လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည့် ဝန်ဆောင်မှု အကောင်းဆုံး နည်းပညာအခြေပြုဘဏ်တစ်ဘဏ် ဖြစ်လာစေရန်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

လူမှုအသိုင်းအဝန်းတစ်ခုလုံးရှိ ဘဏ်လုပ်ငန်းအသုံးပြုသူများအား  နောက်ဆုံးပေါ် နည်းပညာများဖြင့် ဘဏ်ဝန်ဆောင်မှုပေးရန်၊ နယ်ပယ်အသီးသီးမှ ပါဝင်ဆက်နွယ်သူများဖြင့် အကျိုးတူဆောင်ရွက်ရန်နှင့် ဆုံးရှုံးနိုင်ခြေ အားလျော့ကျစေသည့် စီမံခန့်ခွဲမှုကို သတင်းအချက်အလက်အခြေပြု ဆောင်ရွက်ရန်

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ

ဖြောင့်မတ်မှန်ကန်မှု
ဖြောင့်မတ်မှန်ကန်မှု
ယုံကြည်မှု
ယုံကြည်မှု
ထူးချွန်ထက်မြက်မှု
ထူးချွန်ထက်မြက်မှု
ဆန်းသစ်တီထွင်မှု
ဆန်းသစ်တီထွင်မှု
ဝန်ဆောင်မှုရယူသူများအား အလေးထားမှု
ဝန်ဆောင်မှုရယူသူများအား အလေးထားမှု
အဖွဲ့အစည်းဖြင့် ဆောင်ရွက်မှု
အဖွဲ့အစည်းဖြင့် ဆောင်ရွက်မှု
ကျွမ်းကျင်ပိုင်နိုင်မှု
ကျွမ်းကျင်ပိုင်နိုင်မှု