၁။         တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်-မန္တလေး၊  လိုက်နာဆောင်ရွက်ရေးဌာနသည်  မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့ရှိ ဘဏ်ခွဲများမှ ဘဏ်ခွဲ မန်နေဂျာများ၊ ဘဏ်ခွဲရှေ့တန်းဝန်ထမ်းများ (Teller/ Unit) စုစုပေါင်း (၂၆)ဦးတို့အား “Training On Unlocking Suspicious Transaction Reporting-STR” နှင့်စပ်လျဉ်း၍ အသိပညာ ဗဟုသုတများ ပိုမို တိုးမြှင့်စေရေးအတွက် (၂၆-၂-၂၀၂၆) ရက်နေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၄ နာရီ အထိ လှိုင်သာယာဘဏ်ခွဲ သင်တန်းကျောင်းခန်းမတွင် Dual စနစ်တို့ဖြင့် သင်တန်းပို့ချခဲ့ပါသည်။

၂။         အဆိုပါ သင်တန်းတွင် 1st line defense staff များဖြစ်သော ဘဏ်ခွဲများမှ ဝန်ထမ်းများသည် ဆက်သွယ်ဆောင်ရွက်သူများ (Customer)တို့က မိမိတို့ဘဏ်အား အသုံးပြု၍ မသမာသောငွေကြေးခဝါချခြင်း၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်း၊ အခြားသော Financial Crime များ ကျူးလွန်ခြင်း မပြုနိုင်ရေး၊ ဘဏ်၏ ဂုဏ်သတင်း ကောင်းမွန်စေရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Transactions Reporting ဆိုင်ရာ ဆုံးရှုံးနိုင်ခြေညွှန်းကိန်း(Red-flag Indicator)များ (သို့မဟုတ်) သံသယဖြစ်ဖွယ် လွှဲပြောင်းမှု/ဆောင်ရွက်မှု များ အား သိရှိ နားလည်ပြီး ဘဏ်မှ ချမှတ်ထားသော STR SOP နှင့်အညီ STR filing ပြုလုပ်နိုင်ရေး၊ ထိုမှတစ်ဆင့် သတင်းပို့ချက်များ အရည်အသွေးပြည့်ဝကောင်းမွန်စေရေး (Qualified STR) များ ဖော်ထုတ်ပြီး ကြီးကြပ်ရေး အာဏာပိုင်များထံသို့ သတင်းပေးပို့နိုင်ရန် ရည်ရွယ်၍ “Training On Unlocking Suspicious Transaction Reporting-STR အား”  Case Studies၊ Team Discussion for Suspicious Transaction Detection နှင့်စပ်ဆက်သည့် အသိပညာ ဗဟုသုတ တို့ကို လိုက်နာဆောင်ရွက်ရေးဌာန အကြီးအကဲ နှင့် Transaction Monitoring-TM တာဝန်ခံ တို့မှ ပို့ချပေးခဲ့ပါသည်။

 ၃။         ထို့နောက် သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/သူများမှ ထပ်မံ သိရှိလိုသည့် အချက် အလက်များနှင့် အခြားမေးမြန်းလိုသည့် ကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ မေးမြန်း ဆွေးနွေးချက်များ အပေါ် လိုက်နာဆောင်ရွက်ရေးဌာန အရာထမ်းများက လိုအပ်သည့်အချက်အလက်များကို ပြန်လည် ဖြည့်စွက်ရှင်းလင်း ဖြေကြားခဲ့ပြီး သင်တန်းအစီအစဉ်ကို မွန်းလွဲ ၄ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။