ဖြစ်စဉ်တွင် ဘဏ်(၁)ဘဏ်မှ သံသယဖြစ်ဖွယ်သတင်းပို့ချက်အဖြစ် ပေးပို့လာသော ချစ်မျိုးဦး နှင့် သက်နိုင်စိုးတို့သည် ထွန်းသက်ဝေ၏ မှတ်ပုံတင်အမှတ်များအားပြုပြင်၍ အဆိုပါ ဘဏ်(xxxxx ဘဏ်ခွဲ) တွင် ဘဏ်ငွေစာရင်း(၃)ခု၊ စွမ်းရည်ထက်မှ ၎င်း၏မှတ်ပုံတင်အမှတ်အား ပြုပြင်၍ ငွေစာရင်း (၁)ခု ဖွင့်လှစ်ထားပြီး ၎င်းငွေစာရင်းများအား ချစ်မျိုးဦး၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက်တို့(၃)ဦးမှ လွှဲပြောင်း ဆောင်ရွက်ခဲ့သဖြင့် ဘဏ်မှ ၎င်းတို့နှင့်ပတ်သတ်၍ စိစစ်ခဲ့ပြီး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်အဖြစ် ပေးပို့ခဲ့ကြောင်း၊
ထွန်းသက်ဝေအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/ရစက (နိုင်) xxxxxx ၊ ၈/ရစက (နိုင်) xxxxxx ၊ ၈/ရစက (နိုင်) xxxxxx များဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်းများ ဖွင့်လှစ်ခဲ့ပြီး ထိုသူ၏ အမည်ရင်း အမှန်မှာ ချစ်မျိုးဦး ၊ ၈/မမန (နိုင်) xxxxxx ဖြစ်ပြီး၊
စွမ်းရည်ထက်သည် ၎င်း၏ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်၊ ၁၂/ သဃက (နိုင်) xxxxxx အမှန်ဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်း(၁)ခု၊ ၎င်း၏ နိုင်ငံသား စိစစ်ရေးကတ်အမှတ်တွင်ပါရှိသော နံပါတ်(၁)အား (၃)ဟု ပြင်ဆင်၍ ၁၂/ သဃက (နိုင်) xxxxxx ဖြင့် ငွေစာရင်း(၁)ခု ဖွင့်လှစ်ခဲ့ကြောင်း၊
ထွန်းသက်ဝေအမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ်(၃) ခုတွင် ၈/ရစက (နိုင်) xxxxxx သည် ချမ်းပြည့်ကျော် (ဘ) ဦးxxxx ၊ ၈/ရစက (နိုင်) xxxxxx သည် ဟိန်းမင်းခန့် (ဘ) ဦးxxxx ဖြစ်ပြီး ၈/ရစက (နိုင်) xxxxxx သည် မိုးမိုးကျော် (ဘ) ဦးxxxx တို့၏ ကိုင်ဆောင်သောလက်မှတ်ဖြစ်၍ မှန်ကန်မှု မရှိကြောင်း၊
စွမ်းရည်ထက်အမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ်(၂) ခုတွင် ၁၂/ သဃက (နိုင်) xxxxxx သည် စွမ်းရည်ထက် (ဘ) ဦးxxxx၊ မွေးသက္ကရာဇ် ၁၀-၅-၂၀၀၅ ၏ ကိုင်ဆောင်သော လက်မှတ် အမှတ်ဖြစ်၍ မှန်ကန်မှုရှိပြီး ကျန်နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/ သဃက (နိုင်) xxxxxx သည် သင်္ဃန်းကျွန်း မြို့နယ်တရားရုံး၏ အသုံးပြုပြီးသောအမြင့်ဆုံးနံပါတ်ထက် ကျော်လွန်နေသော နံပါတ်ဖြစ်၍ မှန်ကန်မှုမရှိ ကြောင်း။


