လူမှုကွန်ယက် (Facebook)တွင် အစုရှယ်ယာများ ဝယ်ယူ စုဆောင်းခြင်း၊ အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးယူနိုင်ကြောင်း ယုံကြည်အောင် ပြောဆိုစည်းရုံးပြီး Online မှတစ်ဆင့် အုပ်စုဖွဲ့၍ ငွေလိမ်လည်သော သူများနှင့် ကုမ္ပဏီများ ရှိနေပါသည် အများပြည်သူများ အနေဖြင့် ငွေကြေးလိမ်လည်ခြင်း မခံရစေရေး သတိပြု ရှောင်ရှားနိုင်ရန် အောက်ဖော်ပြပါ လိမ်လည်မှုဖြစ်စဉ်အား အသိပညာပေး ဖြန့်ဝေလိုက်ရပါသည်-

  • လိမ်လည်မှု ဖြစ်စဉ်တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင် (ဇွဲထက် ချေးငွေကုမ္ပဏီလီမိတက် အမှတ် 102 A လမ်းကြား၊ ၆၂ လမ်း၊ တွတ်ပီကွေ့၊ မန္တလေး) ဆိုသူက လူမှုကွန်ယက်တွင် အစုရှယ်ယာများ ဝယ်ယူ စုဆောင်းခြင်း (သို့မဟုတ်) အတိုးနှုန်းအနည်းငယ်ဖြင့် ငွေချေးယူနိုင်ကြောင်း ကြေညာခဲ့သဖြင့် ဒေါ်နီနီဆွေ (အမည်လွှဲ) က လိမ်လည်သူများက ပေးပို့သည့် ဖုန်းနံပါတ်များသို့ Wave Pay ဖြင့် (၎င်း၏ မှတ်ပုံတင်၊ အခြားသူ များ၏ မှတ်ပုံတင်) များဖြင့် ငွေကျပ် စုစုပေါင်း သိန်း (၉,၆၅၀) ကျော်အား အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ပြီး ငွေပြန် လည်ထုတ်ပေးရန် တောင်းဆိုသောအခါတွင် ဘဏ်ငွေလွှဲ ပုံစံ အတုကို ပြသပြီး အဆိုပါ ငွေပမာဏကို ထုတ်ယူရန်အတွက် ငွေထပ်မံ လွှဲပေးရမည် ဖြစ်ကြောင်းပြောဆို၍ မည်သည့်ငွေမှ ပြန်လည် လွှဲပြောင်းပေးခြင်း မရှိပါသဖြင့် Online အသုံးပြုကာ ငွေများလိမ်လည်ရယူနေသော (ဇွဲထက် ချေးငွေကုမ္ပဏီ လီမိတက်) Facebook Page မှ တာဝန်ရှိသူများအား အရေးယူးပေးနိုင်ပါရန် တိုင်တန်းသဖြင့် အမှုဖွင့် အရေးယူ၍ တရားစွဲ ဆိုရန် တရားရုံးသို့ တင်ပို့ခဲ့ပြီး တရားခံများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပါသည်။