တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (FDB)၊ လိုက်နာဆောင်ရွက်ရေးဌာနသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လက်မှတ်ရ အခြေခံသင်တန်း အစီအစဉ်အား ဘဏ်၏ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၃၁ ဦးတို့ကို (In-person နှင့် Online) Dual System ဖြင့် လှိုင်သာယာမြို့နယ်ရှိ ဘဏ်၏ သင်တန်းကျောင်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် လိုက်နာဆောင်ရွက်ရေးဌာနမှ “ဘဏ်များ၏ လိုက်နာဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် သဘောသဘာဝ”၊ “ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းပေးပို့ခြင်းဆိုင်ရာ ဥပဒေ မူဘောင် နှင့် သံသယဖြစ်ဖွယ်ဆောင်ရွက်ချက်များ အကြောင်းသိကောင်းစရာ”နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အခြေခံအချက်များ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေး ပို့ချ ခဲ့ပါသည်။ လိုက်နာဆောင်ရွက်ရေးဌာန၏ ဌာနအကြီးအကဲက တက်ရောက်သူများအား Pre-test နှင့် Post-test Assessment များ ပြုလုပ်ပြီး ဆုရရှိသူများ အား ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့် သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ခဲ့ပါသည်။


