တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး၊ လိုက်နာဆောင်ရွက်ရေးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ် အသိပညာပေးမျှဝေခြင်း အစီအစဉ်အဖြစ် TTR/STR သတင်းပေးပို့မှု လုပ်ငန်းစဉ်များဆိုင်ရာ ဥပဒေမူဘောင်၊ သတင်းပေးပို့ရန်တာဝန်များနှင့် ဘဏ်၏ AML/CFT မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများအား သတင်းပေးပို့သူအရာရှိများ ပိုမို သိရှိနားလည်စေရေးအတွက် ဒေါ်ချိုချိုသိန်း ၊ ဌာနကြီးမှူး နှင့် ဦးဇော်မျိုးနိုင်၊ ဒုတိယမန်နေဂျာ တို့က ပို့ချ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအသိပညာပေးမျှဝေခြင်း အစီအစဉ်အား (In-person နှင့် Virtual) Dual System စနစ်ဖြင့် ပြုလုပ် ခဲ့ပြီး ဘဏ်၏ရှေ့တန်း ဝန်ထမ်းများဖြစ်သော Branch Manager များ၊ Relationship Manager များ၊ Risk and Audit ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါ အသိပညာပေးမျှဝေခြင်း အစီအစဉ်တွင် လိုက်နာဆောင်ရွက်ရေးဌာန၏ ဌာနကြီးမှူးက လိုက်နာ ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဓိကအားဖြင့် ငွေရေးကြေးရေးဆိုင်ရာ ပြစ်မှုများအား ကြိုတင် ကာကွယ်နိုင်ရေးနှင့် ငွေကြေးခဝါချမှု၊ အကြမ်ဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (AML Risk) များအား လျော့နည်းစေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ (၈-၃-၂၀၂၅) ရက်နေ့တွင် မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့(MFIU) မှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံ အဆင့်မြင့် အရာရှိ ကြီးများက ပို့ချခဲ့သော အကြောင်းအရာများ၊ FATF က မြန်မာနိုင်ငံအပေါ် EDD ပြုလုပ်ရသည့် အကြောင်း အရာများနှင့် ဘဏ်၏ သတင်းပေးပို့ရန်တာဝန်များတို့နှင့်စပ်လျဉ်း၍ ဥပဒေမူဘောင်နှင့် အာဏာပိုင် အဖွဲ့အစည်း များ၏ စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။