အသက်(၅၀)နှစ်နှင့်အထက် အသက်အရွယ်များ၏ အနာဂတ်ဘဝ ပိုမိုကောင်းမွန်စေရန် ငွေစုဆောင်းသည့်အလေ့အထ ဖြစ်စေရန်နှင့် တစ်ဖက်တစ်လမ်းမှလည်း အတိုးပိုမိုခံစားခွင့်နှင့် လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာ ခံစားခွင့်များအတွက် ရည်ရွယ်စုဆောင်း လိုသူများအတွက် “Golden Age” Saving Deposit Product ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။

  • အသက် (၅၀)ပြည့်ပီးသူဖြစ်ရမည်။
  • သတ်မှတ်‌လျှောက်လွှာပုံစံတွင် ဖြည့်စွက်ရမည်။
  • စာရင်းဖွင့်လှစ်သူများ၏ မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။
  • ဘဏ်တွင်စာရင်းဖွင့်လှစ်ရန် စာရင်းပိုင်ရှင် (၂)ဦးမှ မိတ်ဆက်ပေးရမည်။
  • အတိုးနှုန်းပိုမိုခံစားခွင့်ရှိခြင်း။
  • အတိုးငွေအား (၃) လ တစ်ကြိမ် ခံစားခွင့်ရှိခြင်း။
  • ကျန်းမာရေးအာမခံအား ပရိုမိုးရှင်းပြုလုပ်သည့် ကာလများတွင် ခံစားခွင့်ရှိခြင်း။
  • လစဉ် လဆန်း(၁)ရက်မှ (၆)ရက်အတွင်း ပေးသွင်းအပ်နှံငွေပေါ် မူတည်၍ အနည်းဆုံးလက်ကျန် ငွေပေါ်တွင် အတိုးတွက်ချက်ပေးခြင်း။