Frequently Asked Questions

အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းသုံး ချေးငွေ ဆိုသည်မှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ % မှ ၁၃.၅ % အထိ နေ့စဉ်တွက်ချက်ခြင်းဖြစ်ပါသည်။

ပြန်လည်ပေးဆပ်မှု ကာလသည် လုပ်ငန်း၏ သဘောသဘာဝ အပေါ်တွင် မူတည်သည်။

            (က)     ကာလတို အတွက်                       – ၁ နှစ် အထိ

            (ခ)       ကာလလတ် အတွက်                   – ၃ နှစ် အထိ

            (ဂ)       ကာလရှည် အတွက်                     – ၅ နှစ် အထိ     

(က)     မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ၏ လုပ်ငန်းသက်တမ်း အနည်းဆုံး (၂) နှစ် ရှိမှသာ ချေးငွေ လျှောက်ထားနိုင်ပါသည်။

(ခ)       အာမခံပစ္စည်း၏ တန်ဖိုးနှင့် လုပ်ငန်း ဝင်ငွေ စီးဆင်းမှု ပေါ် မူတည်ပြီး ချေးငွေပမာဏသည် အများဆုံး ၁ ဘီလီယံ အထိ ရရှိနိုင်ပါသည်။

(က)     ချေးငွေ လျှောက်ထားခ အဖြစ် ချေးငွေပမာဏ အပေါ်တွင် ၁% အား တစ်ကြိမ်သာ ကောက်ခံသည်။

(ခ)       အာမခံပစ္စည်း အမျိုးအစားပေါ် မူတည်၍ အခြား ရှေ့နေ ဝန်ဆောင်ခများလည်း လိုအပ်ပါသည်။

(က)   မှတ်ပုံတင် (မူရင်း) မိတ္တူ

(ခ)    သန်းခေါင်စာရင်း(မူရင်း) မိတ္တူ

(ဂ)    နေထိုင်ကြောင်း ရပ်ကွက်ထောက

(ဃ)   လိုင်စင် ဓါတ်ပုံ (၁) ပုံ

(က)    သက်တမ်းရှိ လုပ်ငန်းလိုင်စင်

(ခ)     ကုမ္ပဏီ၏ Constitution နှင့် သွင်းကုန်/ ထုတ်ကုန် လုပ်ငန်းဖြစ်ပါက လုပ်ကိုင်ခွင့်မှတ်ပုံ

(ဂ)    အရှုံးအမြတ်စာရင်း နှင့် ဘဏ္ဍာရေးနှစ် (၂) နှစ်စာ (ပြီးခဲ့သောနှစ် (၂) နှစ်စာ)

(ဃ)    ဝင်ငွေခွန်/ကုန်သွယ်ခွန် ပြေစာ (ပြီးခဲ့သော ဘဏ္ဍာရေးနှစ် (၂) နှစ်စာ)

အောက်ဖော်ပြပါ အာမခံ အမျိုးအစားများအား လက်ခံနိုင်ပါသည်။

            (က)     မြေနှင့်အဆောက်အဦ

            (ခ)       ငွေသား အာမခံ (မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ) နှင့် ငွေသွင်းလက်မှတ်များ(စာရင်းသေအပ်ငွေ)

            (ဂ)       အစိုးရငွေတိုက်စာချုပ်

            (ဃ)     ရွှေချောင်းများ

            (င)       Personal Guarantee(လူပုဂ္ဂိုလ် အာမခံများ)၊ Corporate Guarantee (Corporate အာမခံများ)၊

Stand By Letter of Credit (SBLC) (ဘဏ်အာမခံများ)

           (စ)       တိုက်ခန်း နှင့် ကွန်ဒို

          (ဆ)     မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ

(က)     လက်ရှိအချိန်ကာလတွင် ရန်ကုန်မြို့တွင် ရွှေဘုံသာဘဏ်ခွဲနှင့် မန္တလေးမြို့တွင် မန္တလေး ၈၄ လမ်း ဘဏ်ခွဲတို့တွင် အသီးသီးလျှောက်ထားနိုင်ပါသည်။

(ခ)       အတိုးနှင့်အရင်းအား လစဉ် အရစ်ကျ ပေးသွင်းရမည်ဖြစ်ပါသည်။

(ဂ)       Grace Period အား ချေးငွေအသုံးပြုမည့် အစီအစဉ်နှင့်လုပ်ငန်းအမျိုးအစားပေါ် မူတည်၍

လျှောက်ထားနိုင်ပါသည်။

ချေးငွေ ကန့်သတ် သတ်မှတ်ချက်များနှင့် တင်ပြသော စာရွက်စာတမ်းအခြေအနေများပေါ်မူတည်၍ ရက်(၂၀)ဝန်းကျင်ခန့်

ကြာမြင့်ပါမည်။

ချေးငွေအတွက် အာမခံမည့်သူ မလိုအပ်ပါ။ ချေးငွေအတွက် လျှောက်ထားသူ အနည်းဆုံး (၂)ဦး လိုအပ်ပါသည်။

ချေးငွေအသုံးပြုမည့် ရည်ရွယ်ချက်ကောင်းမွန်မှု၊ လုပ်ငန်းခိုင်မာမှု၊ ပြန်လည်ပေးဆပ်နိုင်စွမ်း နှင့် အခြားအချက်

အလက်များပေါ်တွင် မူတည်ပါသည်။

လက်ရှိကာလတွင် မည်သည့်ဝန်ဆောင်ခမှ ပေးဆောင်ရန် မလိုပါ။

(က)    ပျက်ကွက်သည့် အရင်းနှင့် အတိုးပမာဏ အပေါ်တွင် တစ်လလျှင် (၂%) ဖြင့် ရက်အလိုက်

တွက်ချက်ကောက်ခံပါသည်။

(ခ)   နောက်ကျကြေးအား ချေးငွေ အကောင့် အပေါ်တွင် လကုန်တိုင်း၌ တွက်ချက်ကောက်ခံသွား

မည်ဖြစ်ပါသည်။

လျှောက်ထား၍ မရပါ။ လုပ်သက်အနည်းဆုံး (၂) နှစ် ရှိရပါမည်။

မရရှိနိုင်ပါ။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရပါမည်။ သို့မှသာ လုပ်ငန်းအခြေအနေအား သုံးသပ်

နိုင်မည်ဖြစ်ပါသည်။

CPA လက်မှတ် မဖြစ်မနေလိုအပ်ပါသည်။

(၂) နှစ် မဖြစ်မနေ ပေးဆောင်ထားရပါမည်။  သို့သော် လုပ်ငန်း၏သဘောသဘာဝ အခြေအနေများပေါ်မူတည်ပြီး အနည်းဆုံး (၂) နှစ်ပေးဆောင်ထားပါက လက်ခံနိုင်ပါသည်။

ပိုမိုသိရှိရန် “လင့်ခ်” ခလုတ်ကိုနှိပ်ပါ။ ထို့အပြင် အနီးဆုံး FDB ဘဏ်ခွဲသို့ သွားရောက်၍ ရယူနိုင်ပါသည်။