FDB Bank သည် ကမ္ဘာ့ထိပ်တန်း နည်းပညာဆိုင်ရာကုမ္ပဏီ တစ်ခုဖြစ်သည့် Oracle ကုမ္ပဏီနှင့် နိုင်ငံတကာအဆင့်မီ အင်တာနက် ဘဏ်ဝန်ဆောင်မှုနှင့် မိုဘိုင်းလ် ဘဏ်ဝန်ဆောင်မှု စနစ်များအတွက် Oracle Banking Digital Experience အား အသုံးပြုရန် သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂-၁၁-၂၀၂၃)ရက်နေ့တွင် Lotte Hotel ၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ Excellent Fortune Development Group (EFD Group)နှင့် FDB Bank တို့မှ အကြီးတန်း အရာရှိကြီးများနှင့် ဌာနကြီးမှူးများ၊ Oracle နှင့် Oracle ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Myanmar Golden Rock International Company Limited တို့မှ အကြီးတန်း အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

FDB Bank အနေဖြင့် နိုင်ငံတကာ အဆင့်မီ Oracle Banking Digital Experience ကို အသုံးပြု၍ တိကျ၊ မြန်၊ မှန် ပြီး ပိုမိုခိုင်မာ စိတ်ချရသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ သာလွန် ကောင်းမွန်သော အင်တာနက် ဘဏ်ဝန်ဆောင်မှုနှင့် မိုဘိုင်းလ် ဘဏ်ဝန်ဆောင်မှုများကို အများပြည်သူ Customers များအား အလေးထား ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “Digital Banking Excellence for You” ဆိုသည့်အတိုင်း ထိပ်တန်း နည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ Oracle နှင့် လက်တွဲ ပူးပေါင်းခဲ့ပြီ ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။