မြန်မာနိုင်ငံရဲ့ ဒုတိယ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် အကောင်းဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဦးဆုံးသော ဘဏ်ခွဲကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။မန္တလေး စျေးချိုအနီးမှာ ဖွင့်လှစ်လိုက်တဲ့ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဆုံးဘဏ်ခွဲဟာ  ပြီးပြည့်စုံတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနဲ့အတူ ၂၄နာရီ ငွေသားထုတ်ယူနိုင်မယ့် ATM နှင့် CRM စက်များနဲ့အတူ  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။  တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဆုံးသော ဘဏ်ခွဲအဖြစ် သမိုင်းဝင် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။နိုင်ငံရဲ့ ဒုတိယမြောက်လူဦးရေ အများဆုံးဖြစ်တဲ့ မန္တလေးမြို့မှစတင်ကာ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘဏ်ခွဲတွေ ဆက်လက် ဖွင့်လှစ်သွားဖို့ မဟာဗျူဟာမြောက်တဲ့ ပထမဆုံး ခြေလှမ်းတစ်ခုအဖြစ် စတင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် မန္တလေးမြို့ ရုံးချုပ် ဘဏ်ခွဲ တည်ရှိရာလိပ်စာကတော့ အမှတ် ၇၀၊ ၈၄ လမ်း၊ ၂၈ နှင့် ၂၉ ကြား၊ ချမ်းအေးသာဇံမြို့နယ်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီအထိ ဖွင့်လှစ် သွားမှာ ဖြစ်ပါသည်။တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ဟာ လူတစ်ဦး တစ်ယောက်ခြင်းသာမက၊ ကော်ပိုရိတ်လုပ်ငန်းများ ၊ ကုမ္ပဏီအဖွဲ့အစည်းများ ၊ ၊SME လုပ်ငန်းများကိုပါ အကောင်းဆုံးသော ဝန်ဆောင်မှုတွေပေးအပ်ဖို့ ပြင်ဆင်ထားပြီး သာလွန်ကောင်းမွန်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနဲ့ အချက်အလက်တွေကို မျှဝေသွားဖို့ အတွေ့အကြုံ ကောင်းတွေလည်း ရှိပြီးဖြစ်ပါသည်။တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ဟာ Excellent Fortune Group ( EFD )ရဲ့ လုပ်ငန်းခွဲ အစိတ်အပိုင်းတစ်ခု လည်းဖြစ်ပါသည်။

အချိန်တိုတစ်ခုအတွင်း ထိပ်တန်းအဆင့် ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်းတစ်ခုအဖြစ် အသွင်ကူးပြောင်းကာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးနိုင်မယ့် ဘဏ်တစ်ခုအဖြစ် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့အပြင် တောင်သူဦးကြီးများ အဓိကလိုအပ်နေတဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေအတွက် အကောင်းဆုံးသော အထောက်အပံ့ကောင်းများပေးအပ်နိုင်ဖို့ ကိုလည်း တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က ပြင်ဆင်ထားပြီးလည်း ဖြစ်ပါသည်။ဒါ့ကြောင့် ပြီးပြည့်စုံတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့အတူ တောင်သူလယ်သမားများဖွံ့ဖြိုးရေး ဘဏ်-မန္တလေးမြို့ ရုံးချုပ် ဘဏ်ခွဲကို ပြည်သူတွေ အနေနဲ့အကောင်းဆုံး စိတ်ချယုံကြည်စွာ အသုံးပြု နိုင်တော့မှာဖြစ်သည်။

ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို အသုံးပြုပြီး  အလျင်မြန်ဆုံးသော  ဝန်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင် ဆောင်ရွက်ထားပြီး အနာဂတ်ရဲ့ မျိူးဆက်သစ် ဒစ်ဂျစ်တယ် ဘဏ်တစ်ခုအဖြစ် ရပ်တည်သွားမယ့် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ပဲ ဖြစ်ပါသည်။ဒစ်ဂျစ်တယ်ကို စတင်အသုံးပြုခြင်း ၊ ဇီ၀တိုင်းတာမှုဆိုင်ရာမှတ်ပုံတင်ခြင်း ၊အလိုအလျောက်မှတ်တမ်းယူ ခွဲခြမ်းစိတ်ဖြာခြင်း အစရှိတဲ့နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းခွင်ဆိုင်ရာ ကိရိယာများကို အသုံးပြုသွားမှာလည်းဖြစ်သည်။

 FDB ဘဏ်အကြောင်း

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် – မန္တလေးသည် Excellent Fortune Development Group (EFD Group) ၏ရာနှုန်းပြည့် ပိုင်ဆိုင်သောလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ EFD Groupလက်အောက်တွင် အဓိက ကဏ္ဍကြီးငါးခုဖြစ်သည့် ဘဏ္ဍာရေး ၊အိမ်ခြံမြေ ၊ သတ္တုတူးဖော်ရေး၊စိုက်ပျိူးရေးနှင့် စက်မှုဇုန်လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတကာက အကောင်းဆုံးသော ဘဏ်တွေရဲ့ စံချိန်စံညွှန်းများ အလေ့အကျင့်ကောင်းများကို ရယူပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
လေးစားတန်ဖိုးထားရသော မိဘပြည်သူများအတွက် အကောင်းဆုံးသော တန်ဖိုးမြှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်သွားဖို့ အဆင်သင့်ရှိနေတဲ့ နည်းပညာ အခြေပြု ဒစ်ဂျစ်တယ်ဘဏ် ၊ “သင့်အတွက် သာလွန် ကောင်းမွန်သော ဒစ်ဂျစ်တယ်ဘဏ် “ အဖြစ် ရပ်တည်သွားဖို့ အကောင်းဆုံး ပြင်ဆင်ထားပြီဖြစ်ပါတယ်။