ရန်ကုန်နှင့် မန္တလေးမှာရှိသည့် ပရဟိတမိဘမဲ့ကျောင်းနှင့် ဘိုးဘွားရိပ်သာအတွက် ငွေကျပ်သိန်း၂၀၀ လှူဒါန်းခြင်း

နည်းပညာ အခြေပြုဒစ်ဂျစ်တယ် ဦးစားပေးဘဏ်တစ်ခုအဖြစ် တည်ထောင်ထားတဲ့ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချစ်ခြင်းမေတ္တာများ မျှဝေခြင်းသည် လူ့အဖွဲ့အစည်းရဲ့  အရေးကြီးဆုံးသော အခန်းကဏ္ဍတွင်  ပါဝင်နေခြင်းကို  အလေးအနက်ထား ယုံကြည်လက်ခံထားပါသည်။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်က ချစ်ခြင်းမေတ္တာများ မျှဝေနိုင်ရေးဟာ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးဆုံးသော အခန်းကဏ္ဍက ပါဝင်နေခြင်းကို အလေးအနက်ထား ယုံကြည်လက်ခံထားပြီးဖြစ်ပါသည်။လူ့အဖွဲ့အစည်းမှာ အမှန်တကယ်လိုအပ်နေသည့် နေရာများကို ထောက်ပံ့ကူညီ မျှဝေပေးနိုင်ဖို့ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က အစဉ်အမြဲ ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။

 

 တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တာဝန်ယူမှုတာဝန်ခံမှု စံနှုန်းတစ်ခုအနေနဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အတွက် လူမှုအကျိူးပြုလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ဆောင်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာများကို မျှဝေကြရအောင်  “Share With Love  “အစီအစဉ်လေးကို ကိုစတင်လုပ်ဆောင်လျှက် ရှိပါသည်။  ချစ်ခြင်းမေတ္တာဖြင့် မျှဝေခြင်း ပထမဦးဆုံး အစီအစဉ်အဖြစ်  လူမှုအသိုက်အဝန်းအတွက် အရေးပါဆုံး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် ရည်ရွယ်ကာ ရန်ကုန်မြို့မှ နှင်းဆီကုန်းဘိုးဘွားရိပ်သာနှင့် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ တို့မှာလှူဒါန်း ကူညီမှုတွေ ပြုလုပ်နိုင်ခဲ့ပါသည်။ နှင်းဆီကုန်းဘိုးဘွားရိပ်သာအတွက် ကျပ်သိန်း ၅၀နှင့်လိုအပ်တဲ့ ဆန်ဆီ၊ဆေးဝါး ပစ္စည်းများကို လှူဒါန်းခဲ့ပြီး ရင်သွေးလေးများဂေဟာအတွက် ကျပ်သိန်း၅၀နှင့် လိုအပ်တဲ့ ၊ နှို့မှုန့် ကလေးပစ္စည်းအသုံးအဆောင်များကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။  မန္တလေးမြို့မှာလည်း လူမှုအကျိူးပြုလုပ်ငန်းများအဖြစ် YGW မိဘမဲ့ကျောင်းသို့ ငွေကျပ် သိန်း၁၀၀နှင့်အတူ လိုအပ်တဲ့ ကူညီထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်ပြီး  ယခုလိုမျိုး အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ  လူမှုအကျိူးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ကျေးလက်နေပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်မားရေး လုပ်ငန်းတွေမှာလည်း စွမ်းစွမ်းတမံ ဆက်လက် ကူညီဆောင်ရွက်သွားဖို့  တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်မှ ရည်ရွယ်ပြင်ဆင်ထားပြီးလည်းဖြစ်သည်။လှူဒါန်းမှုများ၏အစီအစဉ်အတွင်း ပရဟိတ စင်တာများမှ စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ရဲ့ Wheel of Fortune ကံစမ်းမဲ အစီအစဉ်ကိုလည်း ထည့်သွင်းပေးခဲ့ပြီး ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာနှင့် YGW မိဘမဲ့ကျောင်းမှ ကလေးငယ်များနှင့် အတူ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်းများကပါဝင်ကာ ဂိမ်းအစီအစဉ်များဆော့ကစားခဲ့ကြပါသည်။

ကပ်ရောဂါနှင့်အတူ စီးပွားရေးအကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် အခက်အခဲနဲ့ လိုအပ်ချက်တွေကို  မြန်မာပြည်သူလူထုနှင့် အတူတကွ ရပ်တည် ပူးပေါင်းဖြေရှင်းပေးရင်း ယခုလို လူမှုကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း  တာဝန်ယူမှု ၊တာဝန်ခံမှု ၊မွန်မြတ်သောစိတ်နှလုံးသားဖြင့် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်မှ ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပြီးဖြစ်ပါသည်။Share With Love လှူဒါန်းမှူအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လှူဒါန်းမှုအားလုံးကို ဖြစ်စေ  မိမိတို့ နိုင်တဲ့ဘက်က တတ်နိုင်သမျှ လှူဒါန်းမှုအတွင်း ထည့်သွင်းသွားမှာဖြစ်လို့  အများပြည်သူအားလုံး ပူးပေါင်းပါဝင်လာစေဖို့လည်း Share With Love အစီအစဉ်က မျှော်လင့်ထားပါသည်။တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်ကလည်း အခုအအစီအစဉ်နဲ့ပက်သတ်ပြီး ပြောကြားခဲ့ရာမှာ -“  Share With Love အစီအစဉ်ကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို ပိုမို ပျံ့နှံ့မျှဝေနိုင်ဖို့ ဆိုတဲ့ သဘောတရားကို အခြေခံကာ ကြီးမားတဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်လာဖို့  ရည်ရွယ်ထားခြင်းဖြစ်ပြီး  လူ့အဖွဲ့အစည်းအတွက် သိသာထင်ရှားစွာ အကျိုးပြုနိုင်မယ့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်  စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့  “ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရင်သွေးငယ်များဂေဟာ တည်ထောင်သူ ခိုင်နှင်းဝေက ပြောကြားခဲ့ရာမှာ “ဂေဟာရဲ့ နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက်ဆေးဝါး ၊ အသုံးအဆောင် ငွေကြေးတွေကို စိတ်အားထက်သန်စွာ ပံ့ပိုးကူညီလှူဒါန်းမှုအတွက်များစွာ ကျေးဇူးတင်ရှိပါကြောင်း ဂေဟာရဲ့ကိုယ်စား ပြောကြားလိုပါတယ်။ ဂေဟာကနေကလေးငယ်တွေရဲ့ ဘ၀တိုးတက်လာဖို့ နဲ့ လူ့အဖွဲ့အစည်းအတွက် အဓိပ္ပါယ်ပြည့်၀တဲ့ လူသားချင်းစာနာထောက်ထားမှုတွေ ယူဆောင်လာဖို့ ကြိုးစားနေပြီး FDB ဘဏ်နဲ့ လည်းရေရှည်မှာ အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ထားဖို့မျှော်လင့်ထားကြောင်း “ပြောကြားခဲ့ပါတယ်။တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် လူမှုအကျိုးပြုလုပ်ငန်းများကို နှလုံးသားကလာသည့် ချစ်ခြင်းမေတ္တာများစွာဖြင့် အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပြီးဖြစ်ပါသည်။  နိုင်ငံ၏ နောင်လာမယ့် မျိုးဆက်သစ်များအတွက် အပြုသဘောဆောင်သည့် အနာဂတ်သစ်ကို ပုံဖော်နိုင်ဖို့ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်မှ ပိုမို ကြိုးပမ်းဆောင်ရွက်သွားဖို့ ကတိပြုအပ်ပါသည်။