ချေးငွေနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ တိကျမှန်ကန်မှု ရှိနိုင်ရေးအတွက် အရေးကြီးဆုံး အဖွဲအစည်းတစ်ခုဖြစ်သော Myanmar Credit Bureau (MMCB) ရဲ့ အဖွဲဝင်ဘဏ်အဖြစ် တောင်သူလယ်သမားများ ဖွံဖြိုးရေးဘဏ် FDB Bank က ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

FDB Bank သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံးဘဏ်ခွဲ ဖွင့်လှစ်ခဲ့ပြီး ၆လတာကာလအတွင်း Myanmar Credit Bureau  (MMCB) နဲ့ လက်တွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။   

 တောင်သူလယ်သမားများဖွံဖြိုးရေးဘဏ် FDB Bank အနေဖြင့် Myanmar Credit Bureau (MMCB) ရဲ့ အဖွဲဝင်ဘဏ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဇွန်လ၃ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

 နိုင်ငံရဲ့ ချေးငွေကဏ္ဍမှာ အများဆုံး လုပ်ကိုင်လည်ပတ်နေတဲ့ ထိပ်တန်း ဘဏ်အများစုဟာ လက်ရှိမှာ Myanmar Credit Bureau (MMCB) အဖွဲဝင်အဖြစ် ရပ်တည်လျှက်ရှိပါသည်။

ထိုကြောင့် FDB Bank အနေဖြင့် Myanmar Credit Bureau(MMCB) အဖွဲအစည်းက ပံ့ပိုးပေးမည့် ချေးငွေဆိုင်ရာ  သတင်းအချက်အလက်များကို ချိတ်ဆက်ရယူသွားနိုင်မည် ဖြစ်သည်။

 တောင်သူလယ်သမားများဖွံဖြိုးရေးဘဏ် FDB Bank အနေဖြင့် Myanmar Credit Bureau (MMCB) အဖွဲ့ဝင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်တာကြောင့်  ဘဏ်ရဲ့ ချေးငွေ လုပ်ငန်းပိုင်းဆိုင်ရာမှာ အရှိန်အဟုန်နဲ့ အားကောင်းလာခဲ့ပြီဖြစ်ပါသည်။

 FDB Bank သည် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး အဖွဲအစည်းများ (ဘဏ်များ) အားလုံးနှင့် တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းတွေကိုလည်း ဆက်လက်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ 

လက်ရှိ MMCB နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အနာဂါတ်တွင် ချေးငွေဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်သလို ချေးငွေ သတင်းအချက်အလက် မျှဝေရေး၊ တိကျမှန်ကန်သော ချေးငွေ အကဲဖြတ်မှုလုပ်ငန်းများ ၊ (Credit weathyness) ချေးငွေပြန်လည် ပေးဆပ်နိုင်စွမ်းစသည့် သတင်းအချက်အလက် များနဲ့အတူ အပြုသဘောဆောင်တဲ့ ဘဏ်လုပ်ငန်းတစ်ခုဆီသို တိုးတက်ရောက်ရှိသွားဖို မျှော်လင့်ထားခြင်းဖြစ်ပါသည်။ 

တောင်သူလယ်သမားများ ဖွံဖြိုးရေးဘဏ် FDB Bank အနေဖြင့်  အနာဂတ်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ချေးငွေကဏ္ဍမှာ ကောင်းမွန်သော ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးနှင့် ချေးငွေ သတင်းအချက်အလက်များ မျှဝေနိုင်ရေး ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။