၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ သောကြာနေ့(မနက်ပိုင်း)တွင် FDB Bank နှင့် EFD Group ၏ မိသားစုဝင်များဖြစ်သည့် EFI Life, EFI General နှင့် EFF Foundation တို့မှ ဝန်ထမ်းများသည် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဘဏ်မှာ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ် ။

သွေးလှူဒါန်းမှုမှာ ပါဝင်ခဲ့သော ဝန်ထမ်းများ အားလုံးကိုလည်း ပြန်လည်ခွန်အားပြည့်စေဖို့ အာဟာရရှိသော နေ့လည်စာများဖြင့် FDB Bank မှ တည့်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ယခုလို ကပ်ရောဂါကာလ၊ ခက်ခဲသော အချိန်ကာလအတွင်း အပြုသဘောဆောင်သော ပြောင်းလဲမှုနှင့် ပံ့ပိုးကူညီမှုများကို ယခင်ကထက် ပိုမို ဆောင်ရွက်ပေးသင့်သည် ဟု ကျွန်ုပ်တို့၏ ယုံကြည်ချက်နှင့်အညီ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို အစဉ်အမြဲ အကျိုးပြု ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။