တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် နံနက် ၁၀နာရီမှ နေ့လယ် ၁နာရီအထိ ရန်ကုန်မြို့က Times City Office Towerမှာ ကျင်းပပြုလုပ်ခဲ့သည်။

 အစည်းအဝေးကို အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်နှင့် ဘဏ်ရဲ့အကြီးတန်း စီမံခန့်ခွဲမှုဆိုင်ရာ ဒါရိုက်တာ အဖွဲ့ဝင်များကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဘဏ်နှင့် အဓိက အစုရှယ်ယာရှင် တည်ထောင်သူ ဥက္ကဌ ဦးစိုင်းမျိုးဝင်းနှင့် အခြားသော အစုရှယ်ယာရှင်များက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြပါသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း Covid-19 ကပ်ရောဂါ ဖြစ်ပေါ်ခဲ့မှုကြောင့် ဘဏ်နဲ့ငွေကြေးလုပ်ငန်း အများစုမှာ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိခဲ့ပေမယ့်တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့အတူ ၂၀၂၀ခုနှစ်မှာ စပြီး ဘဏ်အသစ်အဖြစ်လုပ်ကိုင်ရန် ဘဏ်လုပ်ငန်း လိုင်စင်ရရှိခဲ့ပြီး  မိမိတို့ဘဏ်သည် မကြာမီ အချိန်အတွင်း ဘဏ်ဝန်ဆောင်မှုများ စတင်ဆောင်ရွက်ကာ အကောင်းဆုံးရပ်တည်နိုင်ခဲ့ပြီး ဆင့်ကဲတိုးတက်ပြောင်းလဲမှုတွေ ရရှိလာကြောင်းကို  အကောင်းဆုံးရပ်တည်နိုင်ခဲ့ပြီး ဆင့်ကဲ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ကြောင်းကို အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

 တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ်လုပ်ငန်းစနစ်ကနေ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် အသွင်ကူးပြောင်းနိုင်ဖို့ အထိပြင်ဆင်ထားကြောင်း၊ အနာဂတ်မှာ နိုင်ငံရဲ့ လူဦးရေအကုန်လုံးနီးပါးကို  လွှမ်းခြုံနိုင်တဲ့ အလားအလာကောင်းရှိတဲ့  ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဆိုင်ရာ ထုတ်ကုန်သစ်တွေကို ဖော်ထုတ်နိုင်ဖို့အထိ ခြေလှမ်းသစ်တွေ ပြင်ဆင်ထားတဲ့အကြောင်း ဒါရိုက်တာအဖွဲ့ဝင်တွေက ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ၂၀၁၉-၂၀ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များပါဝင်သည့် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ စီမံခန့်ခွဲမှုကော်မတီကိုလည်း အသစ်ဖွဲ့စည်းနိုင်ခဲ့ပါသည်။

 အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်က “  ကျွန်တော်တို့ရဲ့ ပထမဦးဆုံးသော FDB ဘဏ်ခွဲကို ၂၀၂၁ ဒီဇင်ဘာလကုန်လောက်မှာ မန္တလေးမှာဖွင့်လှစ်ဖို့ပြင်ဆင်ထားပါတယ်  FDB ဘဏ်ရုံးချုပ်က ဝန်ထမ်းတွေအပါအဝင် ဘဏ်ဝန်ထမ်းတွေအားလုံး အတူတကွ ပူးပေါင်းပြီး အောင်မြင်တဲ့ ပထမဆုံး ဘဏ်ခွဲ အားအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်သွားကြရင်း ဘဏ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ စတင်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ် “ ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်က “ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ Digital ဦးစားပေး ဝန်ဆောင်မှုများကို အများပြည်သူတွေဆီ အရောက် ပေးပို့နိုင်ဖို့အကောင်းဆုံးပြင်ဆင်ထားရမှာ ဖြစ်သလို ဘဏ်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Digital ဘဏ်လုပ်ငန်းခွင်တစ်ခုရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးပြသနိုင်ဖို့ ပြင်ဆင်ထားရမှာဖြစ်ပါတယ် “ 

“ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေတွေနဲ့ လူမှုစံနှုန်းတွေပေါ်မူတည်ပြီး  အချိန်နဲ့တပြေးညီ အကောင်းဆုံး ပြောင်းလဲကျင့်သုံးလိုက်နာဆောင်ရွက်ဖို့ လည်းအရေးကြီးပါတယ်။ နောက်ဆုံးပြောကြားလိုတာကတော့ ကျွန်တော်တို့ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်များ ၊ ဘဏ်ဝန်ထမ်းတွေအားလုံးဟာ ဘဏ်ကိုအသုံးပြုမယ့်သူတွေ၊ အစုရှယ်ယာရှင်တွေ အတွက်  မိမိတို့ဘဏ်ကို အသုံးပြုပြီး အကျိူးစီးပွားတွေ မြင့်တက်လာဖို့  အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးအပ်နိုင်အောင် ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်”လို့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်ကပြောကြားခဲ့သည်။