မန္တလေးမြို့မှာ ပထမဦးဆုံးသော တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းအပါအဝင် ၂၀၂၁ခုနှစ်ရဲ့ နှစ်သစ်ကူးကာလနှင့်အတူ FDB ဘဏ်ဝန်ထမ်းများ အားလုံးပါဝင်တဲ့  နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ပါတယ်။

  ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ နှစ်ပတ်လည် အခမ်းအနား ကိုရန်ကုန်မြို့မှ ဘဏ်ဝန်ထမ်းများအားလုံးပါဝင်တက်ရောက်ခဲ့ကြပြီး  ကန်တော်ကြီး Royal Garden ဟိုတယ် တွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့ ညနေ ၃နာရီမှ ၆နာရီအထိ ကျင်းပပြုလုပ်ခဲ့တာပါ။

နှစ်ပတ်လည်ညစာစားပွဲ အခမ်းအနားဟာ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဦးဆုံးခြေလှမ်းသစ်ဖြစ်တဲ့  မန္တလေးမှာ ဘဏ်ခွဲဖွင့်လှစ်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ဝန်ထမ်းတွေ အားလုံးပါဝင်တဲ့ ပျော်ရွှင်ဖွယ်ရာ အမှတ်တရ အခမ်းအနားတစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

အခမ်းအနား အစပိုင်းမှာတော့ စားသောက်ဖွယ်ရာများဖြင့်စတင် တည့်ခင်းဧည့်ခံခဲ့ပြီး  FDB ဘဏ်ရဲ့  အမှတ်တရ အဖြစ် Photo Boothနဲ့အတူ ဓာတ်ပုံများရိုက်ကူးတဲ့ အစီအစဉ်နဲ့ စတင်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ  ဝန်ထမ်းများ အားလုံးပါဝင်ဆင်နွဲနိုင်တဲ့  Team Building ဖြင့် ဂိမ်းကစားမှုတွေအပါအဝင် ပျော်ရွှင်စရာ အစီအစဉ်ပေါင်းများစွာကိုလည်း ထည့်သွင်းကျင်းပပေးခဲ့တာပဲဖြစ်ပါတယ်။အခမ်းအနားမှာ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ အမှုဆောင်အရာရှိချူပ်ဖြစ်သူဦးဝင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ” FDB ဘဏ်ရဲ့ ပထမဆုံးမန္တလေးဘဏ်ခွဲ ဖွင့်လှစ်နိုင်မှု အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပြီး ၊   ဝန်ထမ်းတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါဝင် ကူညီပူးပေါင်း ဆောင်ရွက်မှု အတွက် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ဝမ်းသာစွာနဲ့ ဂုဏ်ပြုလိုပါတယ်၊ အားလုံးပဲအခုလို အောင်မြင်မှုရလာဒ်များကို  ဆက်လက် သယ်ဆောင်သွားပြီး အကောင်းဆုံးသော ဆက်လက်ကြိုးစား အားထုတ်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ် “

ဆက်လက်ပြီး ဝန်ထမ်းများရဲ့ကိုယ်စား  တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ ဝန်ထမ်းတစ်ဦးက အမှတ်တရ ကျေးဇူးတင်စကားနဲ့ နှစ်သစ်ဆုတောင်းစကားများကိုလည်း ပြောကြားပေးခဲ့ပါတယ်။အစီအစဉ်များ အဆုံးမှာတော့  ညစာဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး FDB ဘဏ်ရဲ့  နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို ညနေ ၆နာရီအထိအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

တောင်သူလယ်သမားများဖွံ့ဖြိုရေးဘဏ်- မန္တလေးရုံးခွဲမှ ဝန်ထမ်းများအတွက်လည်း နှစ်ပတ်လည် ညစာစားပွဲ အခမ်းအနားကို မန္တလေးမြို့က  Grand Park Hotel ရဲ့ Sky Bar မှာ  ညနေ ၅နာရီမှ ည၇နာရီအထိ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၂၉ရက်နေ့ မှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားအစပိုင်းမှာတော့ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်-မန္တလေး၏ ဖွင့်ပွဲ အခမ်းအနားမှ အငွေ့အသက်တွေ ထည့်သွင်းပြင်ဆင်ထားတဲ့ Photo Boothများတွင် အမှတ်တရဓာတ်ပုံများရိုက်ကူးတဲ့ အစီအစဉ်တွေပါဝင်ခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းများအချင်းချင်း ပျော်ရွှင်ဖွယ်ရာ ဆုလက်ဆောင် လဲလှယ်ခြင်း အပါအဝင် ပျော်ရွှင်ကြည်နူးစရာ အစီအစဉ်တွေလည်း ဆက်လက်ကျင်းပခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်က ဝန်ထမ်းများအတွက် အဖွင့်အမှာစကားပြောကြားခဲ့ရာ “  “လက်ရှိအရှိန်အဟုန်ထက် ပိုမိုကောင်းမွန်တဲ့ အရှိန်အဟုန်ဖြင့် ဝန်ထမ်းတွေ အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပြီး  ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သမျှ ဖြေရှင်းပေးမှာဖြစ်သလို လက်ရှိကာလမှာ ဝိုင်းဝန်းဆောင်ရွက် ကြိုးစားအားထုတ်မှုတွေအတွက် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး  မန္တလေးဘဏ်ခွဲရဲ့  ဝန်ထမ်းများရဲ့ကိုယ်စား  FDB ဘဏ် မန္တလေးရဲ့ ဝန်ထမ်းတစ်ဦးက အမှတ်တရ ကျေးဇူးတင်စကားနဲ့ နှစ်သစ်ဆုတောင်းစကားများကိုလည်း ပြောကြားပေးခဲ့ပါတယ်။အဲ့ဒီ့နောက်မှာတော့ ဝန်ထမ်းများအားလုံးကို စားသောက်ဖွယ်ရာများဖြင့် တည့်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ညစာစားပွဲ အပြီးမှာတော့ ဝန်ထမ်းများအားလုံးပါဝင်တဲ့ ပျော်ရွှင်ဖွယ်ရာသီချင်းဆိုခြင်း အစီအစဉ်နဲ့ အားလုံးရင်ခုန်စွာစောင့်မျှော်နေကြတဲ့  ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ်ကိုပါ ဆက်လက်ကျင်းပခဲ့တာပါ။တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်- မန္တလေးဘဏ်ခွဲမှ ဝန်ထမ်းများအားလုံးပါဝင်ခဲ့တဲ့   ပျော်ရွှင်ဖွယ်ရာ နှစ်ပတ်လည် ညစာစားပွဲ အခမ်းအနားကိုတော့ ည၇နာရီအထိ အောင်မြင်စွာ  ကျင်းပနိုင်ခဲ့ပါတယ်။